မင်းကွန်းခေါင်းလောင်းတော်ကြီး

 မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။ မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ စွန်းလွန်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ်၊ ကဆုန်လဆန်း ၁၅-ရက်နေ့တွင် ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သား ပညာရှင်များက သွန်းလောင်းခဲ့ကြသည်။





ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော မင်းကွန်းခေါင်းလောင်း မှာ (ရုရှ မြို့တော်) ကရင်မလင် နန်းတော် ရှိ ကမ္ဘာအကြီး ဆုံးခေါင်းလောင်းထက် အနည်းငယ် သေးပါသည်။ သို့သော် ရုရှ ခေါင်းလောင်းနှင့် မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက် ရှိလင့်ကစား မင်းကွန်း ခေါင်းလောင်း တော်မှာမူ ပြကတေ့ အကောင်း ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိသည်။ ကြေးချိန်အလေး က ၈၇ တန် အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ၊ စဉ့်ကူးဘုရင်၏ မဟာဂန္ဒ ခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူ ခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်း လှူမဟာသစ္ဆဒ ခေါင်းလောင်း တော်ထက်တော့ ၂ ဆပို၍ လေးလံမူလေသည်။


အတိုင်းအတာ

အဝအချင်း = ၁၆' ၈ ၁/၄"

လုံးပတ် = ၅၀' ၃/၄"

အစောက် = ၂၀' ၃"

အလေးချိန် = ၉၀.၅၂ တန်

ပိဿာချိန် = ၅၅၅၅၅ ပိဿာ

မင်းဖြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်၊ (အေဒီ-၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ်နေရာရွေ့၍ (၅)ပိဿာခန့် ပဲ့သွားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၆-ခုနှစ်၊ (အေဒီ-၁၉၀၄)တွင် ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တတ်ဆင်ပေးခဲ့သည်။ မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင်(၁၆)တိုင်နှင့် ဘုံပြသာဒ်(၃)ဆင့် အမိုးတတ်ဆင်ထားသည်။

No comments:

Post a Comment

 ပန်းခဲ့သည်ပဲ နေလုံးရယ်နီ ၊ တိမ်ပန်းချီနေသွေးနဲ့ နတ်ရေးသည်သို့ ၊ ဒီအကျပေမို့ အလှလတာပြင်က ၊ ကျူရိုးရှင်လှေကလေးနဲ့ မျှော်ငေးလိုလို့။ သူ့ကိုယ်သ...